ပွင့်ဖြူ နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပွင့်ဖြူမြို့ အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က လူငယ်နှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးဟောပြောပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ စာဖတ်ခြင်းအကျိုးကျေးဇူးများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာဖတ်ရှုကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)