လောင်းလုံးမြို့နယ်၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း

လောင်းလုံး   မတ် 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီက ထားဝယ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်က အမှာစကားပြောကြားရာ၌ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကုန်ဆုံးမည့်လဖြစ်သည့်အတွက် မိမိတို့၏သက်ဆိုင်ရာ လုပ်ငန်းစီမံကိန်းများအားပေးပို့တင်ပြရန်၊ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးပြောကြားရန်နှင့်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားဖြစ်ကြောင်း၊ မိမိတို့မြို့နယ်တွင် သဘာဝဘေး၊မီးဘေး၊ မီးခိုးမြူငွေ့များလျော့နည်းစေရေး အသိပညာပေးဆောင်ရွက်ကြရန်လိုအပ်ကြောင်း အခက်အခဲများရှိပါက တင်ပြကြရန်ဆွေးနွေးပြေားကြားပြီး ဌာနဆိုင်ရာများက မိမိတို့ဆောင်ရွက်သည့်လုပ်ငန်းများကို တင်ပြဆွေးနွေး၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)