ကော့သောင်းမြို့တွင် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်း ဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီခန့်က ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။