ကျွန်းစုမြို့၌ မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်များအတွက် အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အမှတ် ၁ ရပ်ကွက် မြို့အဝင်ဆိပ်ခံတံတား၌ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။