ကျွန်းစုမြို့၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျွန်းစု ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ တစ်နိုင်ငံလုံးအနေနှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအား အသိပညာပေး ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက မိုး/ဇလ မှ ထုတ်ပြန်ထားသော ‌ဇွန် ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးကြီးနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း ကျပြီးလှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းစဥ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေ မှ ၁၂ ပေခန့်ရှိနိုင်ကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍ ‌ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး နံရံကပ်စာစောင်များအား ပြသခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)