ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ရုံးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာသင်စရိတ် ပေးအပ်

ကော့သောင်း ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ်တွင် ရဲတပ်ဖွဲ့မိသားစုမှ မူလတန်း၊အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တက်ရောက်‌နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ပညာသင်နှစ်ပညာသင်စရိတ်ပေးအပ်ခြင်းအခမ်းအနားတွင် ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင်က အမှာစကားပြောကြားခဲ့ပြီး ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခင်နိုင်၊ ခရိုင်အဆင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မာလာဦး၊ ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးခိုင်၊ မြို့နယ်အဆင့် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးမြကြူတို့မှ ကျောင်းသား/ကျောင်းသူတစ်ဦးချင်းစီအလိုက် သတ်မှတ်နှုန်းထားများအတိုင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှ  မူလတန်း (၃၂) ဦး၊ အလယ်တန်း (၁၂) ဦး၊ အထက်တန်း (၉) ဦး၊ တက္ကသိုလ် (၉) ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၂) ဦးတို့အတွက် စုစုပေါင်း တန်ဖိုးငွေ (၉၅၉၀၀ဝိ/-) ကျပ် ပညာသင်စရိတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)