မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင့်လွင့် ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာတွင် ဆာဖိုးသာစပါးမျိုး တစ်ဧကတင်း(၁၅ဝ) အထက်နှင့်အောင်နိုင်တိုးစပါးမျိုး တစ်ဧက တင်း (၁၃ဝ)အထက်ထွက်ရှိသော တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
မကွေးတိုင်းဒေသကြီး၊ ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာတွင် ဆာဖိုးသာစပါးမျိုး တစ်ဧက တင်း(၁၅ဝ)အထက်နှင့် အောင်နိုင်တိုးစပါးမျိုး တစ်ဧက တင်း(၁၃ဝ)အထက် ထွက်ရှိသော တောင်သူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စပါးစိုက် တောင်သူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။