နတ်မောက်မြို့နယ် ရွှေ့ကွေ့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ(၁၂) ကြိမ်မြောက် စက်ဝန်းထုတ်ချေးပေး

နတ်မောက် ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ရွှေကွေ့ကျေးရွာ၌(၁၂)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါ ရန်ပုံငွေထုတ်ချေးပေးခြင်းကို နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများကကြီးကြပ်၍ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကဆောင်ရွက်ခဲ့ရာ ရွှေကွေ့ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ(၁၅၇)ဦးအား ကျပ်(၆၉.၁)သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၆)ဦးအား ကျပ်(၂.၄)သန်း၊ မိသားစုတစ်ပိုင်တစ်နိုင် အရောင်းအဝယ်လုပ်ကိုင်သူ(၅)ဦးအား ကျပ်(၂.၅)သန်းတို့ကို ကျေးရွာသူ/သားများထံသတ်မှတ်ထားသော အတိုးနှုန်းသက်သာစွာဖြင့် စနစ်တကျထုတ်ချေးခြင်းကို ရွှေကွေ့ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ရန်ပုံငွေများလေလွင့်မှုမရှိစေရေးနှင့် သတ်မှတ်လုပ်ငန်းများကို ထိရောက်စွာအသုံးချနိုင်ရေးအတွက်တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လှဝင်း