ပခုက္ကူ ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ အပူဒဏ်အန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှန်းလဲ့လဲ့ဝေနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ ပခုက္ကူမြို့၊ စည်ပင်သာယာဈေးကြီးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများနှင့် ရပ်ကွက်နေပြည်သူများထံ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရေးအတွက် အသက်ရွယ်အပိုင်းအခြားအလိုက် သွားလာလှုပ်ရှားမှုများနှင့် နေထိုင်စားသောက်မှုများဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် အချက်များနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးနှိုးဆော်ယာဉ်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ (ပခုက္ကူ)