နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက် ဧပြီ ၂၂

မကွေးတိုင်းဒေသကြီး, နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်အချိန်က ပန်းပျိုးသူဘော်ဒါကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး (တွဲဘက်-ဦးစီးအရာရှိ)က လူငယ်နှင့်အနာဂတ်အကြောင်း အရာများနှင့် ဒေါ်ဝင်းမေထွန်း (စာထောက်-၃) က ကြိုတင်ကာကွယ်အ ပူဒဏ်အန္တရာယ်၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များနှင့် အပူဒဏ်ကြောင့် အရေးပေါ်ရှေးဦးပြုစုခြင်းစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ကျောင်းသား/သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း