မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်/ကျေးရွာများအလိုက် ကပ်ထားကြေညာ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းများကြေငြာထားရှိမှုနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများစာရင်းအား ယနေ့နံနက်(၉)နာရီ အချိန်က ရပ်ကွက်/ကျေးရွာများအလိုက်ကပ်ထား ကြေငြာလျက်ရှိကြောင်းသိရသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ (ရခိုင်) စေတီတော်မြတ်ကြီး သန္တိသုခဓမ္မာရုံ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများက နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

စေတုတ္တရာမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ (ပင်စင်)လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြန်မာ့စီးပွား‌ရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် တံတားကျေးရွာ အ.မ.က ကျောင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းနှင့်အတူ ရပ်မိ ရပ်ဖများမှ လုပ်ငန်းဆောင်ရွက်ပေးနေမှုများကို လာရောက်ကြည့်ရှု၍ လုပ်ငန်းဆောင်ရွက်မှု ပိုမိုမြန်ဆန်စေရေးအတွက် အစီအမံအထောက်အပံ့ များ ပံ့ပိုးခဲ့ကြသည်။

အောင်လံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

ကံမမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ဒုတိယအကြိမ် ကပ်ထားကြေညာရာ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသည်။

သရက်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက သင်တန်းကို ဖွင့်လှစ်လျက်ရှိသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာပေးရာ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း အသိပေးထုတ်ပြန်ကြေညာခြင်းကို ယနေ့က စတင်ပြီး မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက စိတ်ဝင်တစားလာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်တိုက်နယ်အတွင်း မဲရုံအဖြစ်ဆောင်ရွက်မည့် နေရာများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်တိုက်နယ်အတွင်း မဲရုံအဖြစ် ဆောင်ရွက်မည့်နေရာများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (၃၆) နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်

၂ဝ၂၅ ခုနှစ်၊ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှအကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်း ကလေးသူငယ်အရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကလေးသူငယ်များနဲ့ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး