ဂန့်ဂေါ ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် စာဖတ်ရှိမြှင့်တင်ရေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးညီညီဇော်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးအောင်စိုးမင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးနှင့် ဒုတိယဦးစီးမှူး ဦးနေမျိုးသူရတို့က အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေကို စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုလာအောင်ဆောင်ရွက်ရမည့်အချက်များ၊ သုတ/ရသစာအုပ်စာပေများ တိုးပွားလာအောင်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးအောင်စိုးမင်းနှင့်အဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း