ဆင်ပေါင်ဝဲမြို့၌ Book Club အသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ဆင်ပေါင်ဝဲ ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း ပူးပေါင်း၍ Book Club အသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာဖတ်ရှုခြင်းဖြင့် ရရှိလာသော အသိပညာဗဟုသုတများကိုစာဖတ်သူအချင်းချင်း အပြန်အလှန်ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ ဝင်များက စာရေးဆရာ နတ်သျှင်၊ ရွှေဂူ ရေးသားထားသည့်“အနာဂတ်ကိုမျှော်တွေးပါ” စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးကြရာ Book Club အဖွဲ့ဝင် ဦးချစ်ထွေးက “ အနေခက်တဲ့ ညတစ်ည၊ မိသားစုပရဟိတ” ခေါင်းစဥ်များဖြင့် ဦးဆောင် ဆွေးနွေးခဲ့ပြီး တက်ရောက် လာ​ကြသည့် စာပေချစ်သူများကလဲ ဆွေးနွေးမူများအပေါ် သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)