မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အစိုးရရိပ်သာဝန်းအတွင်း Low Pressure Cold Radio-Frequency Discharge Plasma (LPCRFDP) စက်ဖြင့် ဝါမျိုး (၂) မျိုးပေါ် Radiation နှုန်းထားအမျိုးမျိုးပေး၍ အကျိုးသက်ရောက်မှုကို လေ့လာခြင်းများ လုပ်ဆောင်မှုကြည့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ လိုက်ပါကာ နိုဝင်ဘာလ ၁၈ ရက် နေ့နံနက်ပိုင်းက မကွေးမြို့ အစိုးရရိပ်သာဝန်းအတွင်း Low Pressure Cold Radio-Frequency Discharge Plasma (LPCRFDP) စက်ဖြင့် ဝါမျိုး (၂) မျိုးပေါ် Radiation နှုန်းထားအမျိုးမျိုးပေး၍ အကျိုးသက်ရောက်မှုကို လေ့လာခြင်းများ လုပ်ဆောင်မှုအား ကြည့်ရှုစစ်ဆေးသည်။

ငဖဲမြို့နယ်တွင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ဆေးသုတေသနဦးစီးဌာနမှ ရေနံချောင်းမြို့ အ.ထ.က (၃) ကျောင်းရှိ ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများ လေ့လာဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနနှင့် ရေနံချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့်ပတ်သက်သော အကြောင်းအရာများ လေ့လာခြင်းကို ယမန်နေ့ နံနက် ၇ နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် စားအုန်းဆီ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်း ဒေသကြီးအတွင်း ရှိစားအုန်းဆီ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များတွင်နေထိုင်ကြပြီး မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးသို့ သွားရောက်ပညာဆည်းပူးမည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ယနေ့နံနက်ပိုင်းက ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးကြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ ၁၆၁၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်းသီးနှံ ၁၆၁၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စေတုတ္တရာမြို့နယ်၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ သဘာဝဘေးအန္တရာယ် အသိပညပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲကို ယနေ့နံနက် ၉ နာရီက ပခုက္ကူမြို့၊ အမှတ် (၅) ဆုကြီးပန်သီလရှင်သင်ပညာရေးအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

သရက်ချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

သရက်မြို့တွင် ကြိုတင်ဆန္ဒမဲလုံခြုံစွာပေးနိုင်ရေးနှင့် ခင်းကျင်းထားရှိမှုများအား လိုက်လံကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတို့က ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများ လုံခြုံစွာပေးနိုင်ရေးနှင့် ခင်းကျင်းဆောင်ရွက်ထားရှိမှုများကို နိုဝင်ဘာလ ၁၈ ရက်က လိုက်လံကြည့်ရှုကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ 
Subscribe to မကွေးတိုင်းဒေသကြီး