မကွေးတိုင်းဒေသကြီး

မင်းလှမြို့၌ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း တက်ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း တက်ရောက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီက မင်းလှ၊မလွန်နှင့် ကပစ(၁၀) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပခဲ့သည်။

မင်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား  ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့မွန်းတည့်(၁၂)နာရီက မန်းသံပုရာကန် အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား တက်ရာက်

မကွေးတိုင်းဒေသကြီးအတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့နယ် မယ်လှတောင်ကျေးရွာအုပ်စု အလက (ချောင်းဖြူ)ကျောင်းခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများ တက်ရာက်ကြသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၁၀၇၂  ဦး ဖြေဆိုမည်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စာစစ်ဌာန(၂)ခုဖြင့်  ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၇၂ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများ ဖြေဆို

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖြေဆိုကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင်ကျင်းပသည့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရီပျံချီဦးတင့်လွင် တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ ရန်ပယ်အားကစားကွင်း၌ (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်အနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရီပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ စုံညီစွာတက်ရောက်ခဲ့သည်။

နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယမန်နေ့ နံနက် ၉ နာရီ အချိန်က သွားရောက် ဖြန့်ဝေပေးသည်။

နတ်မောက်မြို့၌ ကလေးစစ်သားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးစစ်သားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော လမ်းတံတားလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပေပင်ရိုး၊ ပုဂံမျော်ကျေးရွာချင်းဆက်လမ်း(၅/၀)မိုင်မှ တောင်တွင်းကြီး မြို့သစ်/နတ်မောက်လမ်းသို့ ဆက်သွယ်သည့် ကျေးရွာကုန်ထုတ်လမ်းကို ပြည်ထောင်စု၊ တိုင်းဒေသကြီးငွေလုံးငွေရင်း (ပြင်ထိမ်း) အထွေထွေပိုလျံရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်း(၀/၃) မိုင်ခင်းခြင်းလုပ်ငန်း၊ ကွန်ကရစ်ရေကျော်ရေဆင်းပြုပြင်ခြင်းလုပ်ငန်းနှင့် မြေသားတာဘောင်ချဲ့၍ ကျောက်ရောမြေ(၂/၀) မိုင်များအား ယမန်နေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွန်ကြားရေးမှုးချုပ် ဦးစိုးထွန်းနိုင်နှင့် မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံဖြိးရေးဦးစီးဌာန ညွှန်ကြားရေးမှုး(မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လမ်း/တံတားများအား ဒီဇိုင်းပါသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံဖြိုရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်ဦးထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆေးကုသရေးအဖွဲ့ မြို့သစ်မြို့နယ် ကနီကျေးရွာသို့ (အခမဲ့)နယ်လှည့်ဆေးကုသမှုဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အားပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ပြည်သူများလိုအပ်သော သွားနှင့်ခံတွင်းရောဂါသည်များနှင့်  မျက်စိဝေဒနာရှင်တို့၏ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်အတွက် မှော်ဘီသဲဖြူတောရနှင့် မဟာမြိုင်တောရဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကဆရာတော်ကြီး "ဒေါက်တာဘဒ္ဒန္တပညာဇောတ၏ သြဝါဒကိုခံယူ၍ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် အလှူရှင်အနန္တစေတနာဖောင်ဒေးရှင်းမိသားစုပူးပေါင်းအဖွဲ့သည် မြို့သစ်မြို့နယ်၊ ကနီကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းကရောက်ရှိ၍ အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး