အထက်မင်းလှ ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့မွန်းတည့်(၁၂)နာရီက မန်းသံပုရာကန် အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အမည်စာရင်းရေးသွင်းပေးပြီး၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများအား အခမဲ့ဆောင်ရွက်ပေးခဲ့ရာ ကျန်းမာရေးစစ်ဆေးသူ ကျောင်းသား၊ ကျောင်းသူ(၅၈)ဦးရှိရာ ဆေးကုသပေးရသူ ကျောင်းသား ကျောင်းသူ(၁၁)ဦးအား လိုအပ်သည့် ဆေးကုသပေးခြင်း ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၄၀၃)ဦး ဖြေဆိုရန် စာရင်းရှိရာ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာဖြေဆိုနိုင်ရေး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများအရောက် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)