မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတအသင်းက အသင်းဝင်သားဖွားမိခင်များကို ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် တစ်နှစ်တာ ငွေစာရင်းရှင်းတမ်းများ ချပြရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတလူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသည့် အသင်းဝင်သားဖွားမိခင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အသင်း၏တစ်နှစ်တာကာလ ငွေစာရင်းရှင်းတမ်းများချပြရှင်းလင်းခြင်း အခမ်းအနားကို မေ ၂၁ ရက်နေ့က အဆိုပါ ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပသည်။

ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်အဝေးကို ယမန်နေ့မွန်လွဲ ၃ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့် အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းကစပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းများအလိုက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်မြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ မြို့နယ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်စကားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်စတင်လက်ခံလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းများ အားလုံး ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်း သင်တန်းကို ယနေ့နံနက် ၉ နာရီက  ပွင့်ဖြူမြို့နယ် စံပြကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

နတ်မောက်မြို့၌ ပြည်သူများ စိတ်လက်ချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ပန်းခြံသာယာလှပရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်သူများ စိတ်လက်ချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပန်းခြံသာယာလှပရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အသိပညာပေး နံရံကပ်စာစောင်များပြသ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးရှေ့တွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်းဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးခရိုင်၊ မြို့သစ်မြို့ မင်းရပ်ကွက် နွေစပါး (အောင်နိုင်တိုး)ဧက(၁၀၀)စံပြကွက် ကြည့်ရှုစစ်ဆေး၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင့်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့နှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိများ လိုက်ပါကာ၊ ယမန်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ မင်းရပ်ကွက် နွေစပါး(အောင်နိုင်တိုး) ဧက(၁၀၀) စံပြကွက် ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး