မကွေးတိုင်းဒေသကြီး

ချောက်မြို့မစျေး၌ အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ချောက်မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော အသားဆိုင်များတွင် အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေရေး အပတ်စဥ် ကွင်းဆင်းကြပ်မတ်ခြင်းများ‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ‌ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ နွေစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၏ ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်တိုးစပါးများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် နွေစပါးစိုက်ဧရိယာများ၏ အထွက်နှုန်းကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပလက္ခုပ္ပင်ကျေးရွာအုပ်စု စာရံအိုင့်ကွင်း၌ ဦးပိုင်အမှတ် (၅၉)၊ ကွင်းအမှတ် (၈၃၆) ရှိ အကျိုးဆောင်တောင်သူ ဒေါ်တင်စိန်၏ ဆာဖိုးသာစပါးလယ်မြေတွင် ယနေ့နံနက် ၈ နာရီအချိန်က စံကွက်ရိတ်သိမ်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေစပါး စံကွက်ရတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၈၅၂)၊ ဦးပိုင်အမှတ်(၂၈/၁) တောင်သူ ဦးကျော်ဝင်းဌေး၏ စပါးမျိုးကွဲ (ရတနာတိုး) စိုက်ကွက်ကောင်း ကိုယ်စားပြု လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့်  ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃နာရီက ခရိုင်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကြသည်။

ရေနံချောင်းမြို့ အ.ထ.က (လည်ပေါ်) ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ကျောင်း‌‌နေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိစေရန်နှင့် ကလေးလုပ်သားခိုင်းစေမှုပပျောက်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.ထ.က (လည်ပေါ်)ကျောင်း၌ ကျင်းပသည်။

မြို့သစ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  လယ်ပြင်ရပ်ကွက်ရှိ မြို့မအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့၌ ဆီထွက်သီးနှံ နှမ်းစိုက်ခင်းများတွင် သဘာဝရွက်ဖျန်းအားဆေးပက်ဖျန်းနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ညောင်ပင်သာကျေးရွာ နှမ်းစိုက်ခင်းများတွင် သဘာဝရွက်ဖျန်းအားဆေး ပက်ဖျန်းနေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

နတ်မောက်မြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

နတ်မောက်မြို့၌(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန( Community  Centre ) အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Subscribe to မကွေးတိုင်းဒေသကြီး