မကွေးတိုင်းဒေသကြီး

မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။         

သရက်မြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး  ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီးဓမ္မာရုံတွင် မြို့ပေါ်(၈)ရပ်ကွက်မှ မွေးကင်းစမှအသက် (၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

ချောက်မြို့နယ်၌ မိုးမြေပဲ ဧက ၅၂၇၈၉ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သီးနှံစိုက်စွမ်းအားများ တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ် ဇွန်လထိ မိုးမြေပဲ (၅၂၇၈၉) ဧက စိုက်ပျိုးပြီးစီး​ပြီ​ဖြစ်ကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ နွေစပါး(အောင်နိုင်တိုး)မျိုးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ နဘဲကုန်းကျေးရွာအုပ်စု၊ ကိုရံ(တ)ကျေးရွာ၊ ကွင်းအမှတ်- ၁၃၆၅၊ တောင်သူဦးမြင့်သိန်း စိုက်ပျိုးထားသော နွေစပါး(အောင်နိုင်တိုး) ၁ ဒဿမ ဝဝ - ဧက စိုက်ခင်း၌ ယမန်နေ့နံနက် ၉ နာရီက စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့သည်။

ငဖဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပဆောင်ရွက်သည်။

တောင်ကြီးမြို့၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာ၊ လုံးဟီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ရာ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ သက်ဆိုင်ရာဌာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်သော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားသူကြီးချုပ် ဒေါ်မိမိ‌မော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသမီးအရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ပုံမှန်ငှားရမ်း ပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နံနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိ နေ့စဥ်စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိရာ သုတ၊ ရသစာစောင်များ၊ ရုပ်ပြစာစောင်များအား ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကို အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးပြုတက်စေရန် စာကြည့်တိုက်တွင်း ဖတ်ရှုခြင်း(သို့မဟုတ်) စာအုပ်စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ နွေစပါး(အောင်နိုင်တိုး)မျိုးစံကွက် ရိတ်သိမ်းတစ်ဧက ၁၆၅ တင်းခန့် ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ နဘဲကုန်းကျေးရွာအုပ်စု၊ ကိုရံ(တ) ကျေးရွာ၊ ကွင်းအမှတ်- ၁၃၆၅ ၊ တောင်သူဦးမြင့်သိန်း စိုက်ပျိုးထား သော နွေစပါး(အောင်နိုင်တိုး) ၁ ဒဿမ ဝဝ - ဧက စိုက်ခင်း၌ ယနေ့နံနက် ၉ နာရီခွဲက စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်သည်။

တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးမြင့်မားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နေ့လယ် (၁) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး