မင်းလှမြို့၌ ဆီထွက်သီးနှံ နှမ်းစိုက်ခင်းများတွင် သဘာဝရွက်ဖျန်းအားဆေးပက်ဖျန်းနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး

အထက်မင်းလှ ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ညောင်ပင်သာကျေးရွာ နှမ်းစိုက်ခင်းများတွင် သဘာဝရွက်ဖျန်းအားဆေး ပက်ဖျန်းနေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ညောင်ပင်သာကျေးရွာ တောင်သူ ဒေါ်အေးသင်း၏ ယာမြေ၌ ဆီထွက်သီးနှံ၊ နှမ်းစိုက်ပျိုးထားရှိမှုနှင့် သဘာဝရွက်ဖျန်းအားဆေးပက်ဖျန်းနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါပြီး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ တောင်သူများအား အီးအမ်အသင့်သုံးအားဆေးနှင့် ငါးအမိုင်နိုအက်ဆက်အားဆေးများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဝင်းမြတ်(အထက်မင်းလှ)