ရေနံချောင်းမြို့ အ.ထ.က (လည်ပေါ်) ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြော

ရေနံချောင်း ဇူလိုင် ၄

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ကျောင်း‌‌နေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိစေရန်နှင့် ကလေးလုပ်သားခိုင်းစေမှုပပျောက်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်‌ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.ထ.က (လည်ပေါ်)ကျောင်း၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်ဌေးတို့က မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်နှင့် အသက်အရွယ်ကန့်သတ်ချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အချက်အလက်များကို အသိပညာပေးဟောပြောသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်က စားသုံးသူအခွင့်အရေးဆိုင်ရာများကို အသိပညာပေး ဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိ ပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို ကျောင်းသားကျောင်းသူလေးများက ကြည့်ရှုလေ့လာခဲ့ကြပြီး တက်ရောက်လာ သူများကို ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)