မကွေးတိုင်းဒေသကြီး

မြို့သစ်မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်တွင် အိုင်းမဆည်နှင့် မဲဇလီဆည်များမှ မိုးစပါး ၃၄၀၂၆ ဧက ရေပေးဝေစိုက်ပျိုးသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆည်များမှ ရေပေးဝေခြင်းစနစ်ဖြင့် မိုးစပါး ၃၄၀၂၆ ဧက ရေပေးဝေစိုက်ပျိုးနိုင်မှာဖြစ်ကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇေမျိုးသက်ထံမှ သိရသည်။

ငဖဲမြို့နယ်၌ မိုးစပါး ၁၀၂၀၀ ဧက လျာထားစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရန် (၁၀၂၀၀) ဧကလျာထားခဲ့ရာ ယနေ့ထိ (၁၅၅၂)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်လံမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အရှိန်အဟုန်မြင့်တင် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၌ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အောင်လံမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက အောင်လံမြို့၊ မြို့မဈေးနှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်၌ စား​သောက်ကုန်လုပ်ငန်းရှင်များ လုပ်ငန်းသုံးဆီများ လုံလောက်မှုရှိမရှိနှင့် အမှန်တကယ်သုံးစွဲခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး​

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ လုပ်ငန်းသုံးဆီများ လုံလောက်မှု ရှိ၊ မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ၊ မရှိကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်‌   နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊    မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် တာဝန်ရှိသူများက ပဒေသာ၊ စိန်သရဖူ၊ ငွေ မြင့်မိုရ်ပဲကြော်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး​ခဲ့​ပြီး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။

ချောက်မြို့နယ်၊ ဆင်ကကျေးရွာတွင် သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆင်ကကျေးရွာ၌ သောက်သုံးရေရရှိ‌စေရေး စက်ရေတွင်းတူး ဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ် သိမ်ကုန်းစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စိုက်ပျိုးပညာပေးသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် သိမ်ကုန်းစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ တောင်သူများအတွက် စိုက်ပျိုးပညာပေးသင်တန်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ပခုက္ကူမြို့နယ်၌ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့ အရန်သင့်စုဖွဲ့ထားရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ရှာဖွေ ကူညီကယ်ဆယ်ရေးအဖွဲ့ကို လူ/ယာဉ်/ စက်ကိရိယာများဖြင့် အရန်သင့်စုဖွဲ့ ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး