ချောက်မြို့နယ်၌ စား​သောက်ကုန်လုပ်ငန်းရှင်များ လုပ်ငန်းသုံးဆီများ လုံလောက်မှုရှိမရှိနှင့် အမှန်တကယ်သုံးစွဲခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး​

ချောက် ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ လုပ်ငန်းသုံးဆီများ လုံလောက်မှု ရှိ၊ မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ၊ မရှိကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်‌နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် တာဝန်ရှိသူများက ပဒေသာ၊ စိန်သရဖူ၊ ငွေ မြင့်မိုရ်ပဲကြော်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းသုံးဆီများ လုံလောက်မှုရှိမရှိနှင့် ခွင့်ပြုပေးထားသည့် လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေး၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)