ပခုက္ကူ ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်အရေးပေါ်ရှာဖွေ ကူညီကယ်ဆယ်ရေးအဖွဲ့ကို လူ/ယာဉ်/စက်ကိရိယာများဖြင့် အရန်သင့်စုဖွဲ့ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အပူပိုင်းမုန်တိုင်းဝီဖာ (WIPHA) စတင်ဝင်ရောက်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ပခုက္ကူမြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ်အပါအဝင် အခြားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် တပ်စုအဖွဲ့များအလိုက် လေ့ကျင့်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ ကြိုတင်ကာကွယ်စောင့်ရှောက်ကူညီပေးနိုင်ရေးအတွက် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများဖြစ်သည့် ယာဉ်နှင့် စက်ကိရိယာများကိုလည်း အသင့်စုဖွဲ့ထားရှိကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်ထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)