ကံမမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) သရုပ်ပြခြင်းနှင့် စမ်းသပ်မဲပေးခြင်း ပြုလုပ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) သရုပ်ပြခြင်းနှင့် စမ်းသပ်မဲပေးခြင်းအား ယမန်နေ့နေ့လယ်(၂)နာရီက ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မြို့နယ်ကော်မရှင်အရာရှိနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။