အောင်လံ ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက အောင်လံမြို့၊ မြို့မဈေးနှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် မိသားစုလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားသုံးစွဲသူများ သတိပြုရမည့်အချက်များ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် သတိထားဆောင်ရွက်ရမည့်အချက်များ၊ ဓာတ်အားလိုင်းကြိုးများပြုတ်ကျခြင်း၊ လျော့ကျချခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ လဲကျ ကျိုးကျနေခြင်း၊ နေအိမ်ရှိ လျှပ်စစ်ပစ္စည်းများအား တပြိုင်နက်အသုံးပြုခြင်းမှ ရှောင်ရှားရန် စသည့်အကြောင်းအရာများ၊ ဆောင်ပုဒ်များ၊ ကာတွန်းသရုပ်ပြပုံများ၊ မှတ်တမ်းဓာတ်ပုံများ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)