မကွေးတိုင်းဒေသကြီး

ငဖဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး စာဖတ်ဝိုင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ၂၀၂၅ ခုနှစ် မေလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို ပြသ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံး ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်း နယ်လှည့်ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့်    ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မြို့သစ်မြို့နယ်တွင် နွေစပါးသီးနှံ(၅၉၆၀)ဧက ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နွေသီးနှံရာသီက စိုက်ပျိုးခဲ့သည့် နွေစပါးသီးနှံ(၅၉၆၀)ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက မင်းလှ အခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်နှင့် အရိပ်ရသစ်ပင်များစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် ပန်းအလှပင်နှင့်အရိပ်ရသစ်ပင်များစိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

သရက်မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူမှုဝန်ထမ်းဦးစီးဌာန သရက်မူလတန်းကြိုကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ဗီတာမင်(A)တိုက်ကျွေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဆောင်ရွက်ခဲ့ရာ သရက်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ အားပေးခဲ့ကြသည်။

ချောက်မြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး‌ဟောပြောခြင်းနှင့် ဗီဒီယိုပြသခြင်းကို မြို့​ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က စ၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်၌ မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့၏၊ လမ်းညွှန်ချက်များဖြင့် စလင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား မြို့ဝင်ကြေးဘီးခွန် ကောက်ခံခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများနှင့် မွေးကင်းစကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်သို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း ၊ ဖုံး ၊ သွန် ၊ လဲ ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး