ရွှေပုံတောင်ရပ် ရန်အောင်မြင်စေတီတော်မြတ်ကြီး၏ (၅၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရွှေပုံတောင်ရပ် ရန်အောင်မြင်စေတီတော်မြတ်ကြီး၏ (၅၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဘဒ္ဒန္တကေသဝအမှူးပြုသော ပင့်သံဃာ (၃၉၅)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့က ရန်အောင်မြင်စေတီတော် မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။