ချောက်မြို့၌ ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသက်ကယ်အင်္ကျီများ ပေးအပ်
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ကြီးကြပ်၍ နှစ်စဉ်မြစ်ရေမြင့်တက်လျက်ရှိသော ရပ်ကွက်များအား ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသက်ကယ်အင်္ကျီများ ဖြန့်ဝေပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။