မကွေးတိုင်းဒေသကြီး

မြို့သစ်မြို့နယ်အတွင်း မိုးစပါးနှင့် မိုးနှောင်းဝါ စိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ယင်းနားကုန်း စိုက်/ထွေ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် အောင်စည်တော် စိုက်/ထွေသမဝါယမအသင်းသားတောင်သူများ၏ မိုးနှောင်းဝါစိုက်ပျိုးထားရှိမှု အခြေအနေများအား သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့က ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်​။

ချောက်မြို့၌ (၄၀)ကြိမ်မြောက် ဝိနယာဓိကမာမကစာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် ဆုနှင်းသဘင်အခမ်းအနားကျင်းပ

မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်သံဃာနာယကအဖွဲ့က ကြီးမှူးကျင်းပသည့် (၄၀)ကြိမ်မြောက် မြို့နယ်ဝိနယာဓိကမာမက စာမေးပွဲ‌‌ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်‌နေ့မွန်းလွဲ ၁ နာရီက သာသနာ့ဗိမာန်​တော်တွင် ကျင်းပခဲ့သည်။

စလင်းမြို့နယ် ဆင်ကျုံးကျေးရွာ အခြေခံပညာမူလွန်ကျောင်း (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု (၃၅)ရာခိုင်နှုန်းပြီးစီးနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာ အခြေခံပညာမူလွန်ကျောင်းဆောင်သစ်၊ (၁)ထပ်ဆောက်လုပ်နေမှုအား မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက၊ ကွင်းဆင်းကြည့်ရှုခဲ့ရာ ၃၅% ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ဓာတ်သတ္ထုလုပ်ငန်းများ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုက်ညီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ ဓာတ်သတ္ထုလုပ်ငန်းလိုင်စင်များ လျှောက်ထားဆောင်ရွက်လျက်ရှိရာ လုပ်ထုံးလုပ်နည်းများဖြင့် ကိုက်ညီမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာ၌ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာ၌ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကာ၊ ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

နတ်မောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးတောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာအိတ်များ ဖြန့်ဖြူးရောင်းချ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် လိုအပ်သော စိုက်ပျိုးရေးသွင်းအားစု ဓာတ်မြေဩဇာများကို စိုက်ပျိုးချိန်အမီ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲခွင့် ရရှိစေရန်နှင့် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရန် ရည်ရွယ်၍ ဓာတ်မြေဩဇာအိတ်များကို ‌သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများလက်ဝယ်အရောက် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

(၆၁) နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်၌ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

အောက်တိုဘာ(၁)ရက်တွင် ကျရောက်မည့် နှစ်(၆၁)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်ဦးဆောင်မှုဖြင့် တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရဲတပ်ဖွဲ့ဝင်များ စုပေါင်းပြီး သွေးလှူဒါန်းခဲ့သည်။

တောင်တွင်းကြီးမြို့နယ်ရှိ ဒွန်းစက်သုံးဆီအရောင်းဆိုင်လုပ်ငန်းနှင့် ဂတ်စ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းအား Fire Safety Certificate (FSC) ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးဆောင်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အင်ဂျင်နီယာများ၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက်နေ့က တောင်တွင်းကြီးမြို့နယ်တွင် အသစ်ဖွင့်လှစ်လျက်ရှိသည့် ဒွန်းစက်သုံးဆီ အရောင်းဆိုင်လုပ်ငန်းနှင့် ဂတ်စ်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းအား Frie Safety Certificate ( FSC) ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး