ဆိပ်ဖြူ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် လျှပ်စစ်ဓာတ်အားစနစ် ကောင်းမွန်ရေးနှင့် ဓာတ်အားပြည့်ဝစွာရရှိရေး လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်း၊ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လုပ်ငန်းများကို ယနေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို လျှပ်စစ်ဓာတ်အားရယူသုံးစွဲလျက်ရှိသော ဒေသခံပြည်သူများနှင့် လျှပ်စစ်ဓာတ်အားဖြင့် မိသားစုဝင်ငွေရရှိရေးဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များ လျှပ်စစ်ဓာတ်အား စနစ်ကောင်းမွန်စွာဖြင့် ဓာတ်အားပြည့်ဝစွာရရှိ စေရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြို့နယ်လျှပ်စစ်မှူး ဦးစန်းဦးက ကြီးကြပ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းတည်ဆောက်ခွင့်ရရှိသည့် ကောင်းသစ်ပိုင်ထက်ကုမ္ပဏီက တာဝန်ယူ၍ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်း၊ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းဝန်ထမ်းများက မြို့တွင်းဓာတ်အားလိုင်းများနှင့် ထိစပ်လျက်ရှိသည့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းလုပ်ငန်းများအား မြို့နယ်လျှပ်စစ်မှူး ဦးစန်းဦးနှင့် တာဝန်ရှိသူများ ကွင်းဆင်း၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှု လုပ်ငန်းများ မရှိရေးလိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)