နတ်မောက် နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြစည်းခုံလမ်းနှင့် လမ်းမတော်လမ်းတို့၌ ယမန်နေ့က ရေစီးရေလာကောင်းမွန်ရေးမြေသား ရေမြောင်းများ တူးဖော်ခဲ့သည်။
အဆိုပါ မြေသားရေမြောင်းများတူးဖော်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေကော်စက်ဖြင့် ရေမြောင်းများတွင်ပိတ်ဆို့နေသော အမှိုက်များ၊ ပေါင်းမြတ်များ၊ ဗွတ်နွံများအား မြေကော်စက်ဖြင့်ဖယ်ရှားရှင်းလင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း