မင်းတုန်း နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ပြည်ပပို့ကုန် ထုတ်ကုန်သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်ရာ မြို့နယ်စီမံခန့်ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပိုးသတ်ဆေးအရောင်ဆိုင်များနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းကိုက သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးအတွက် ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျကိုင်တွယ်သုံးစွဲရေးနှင့် သီးနှံဘက်စုံကာကွယ်ရေး နည်းလမ်းများ ကျင့်သုံးဆောင်ရွက်နိုင်ရေး၊ ပန်းတိုက်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာအချိုးကျထည့်သွင်း သုံးစွဲရေးတို့အား ပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားပေးပြီး စိုကိပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)