မကွေးတိုင်းဒေသကြီး

တောင်တွင်းကြီးမြို့နယ်ရှိ ဒွန်းစက်သုံးဆီအရောင်းဆိုင်လုပ်ငန်းနှင့် ဂတ်စ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းအား Fire Safety Certificate (FSC) ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဦးဆောင်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အင်ဂျင်နီယာများ၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက်နေ့က တောင်တွင်းကြီးမြို့နယ်တွင် အသစ်ဖွင့်လှစ်လျက်ရှိသည့် ဒွန်းစက်သုံးဆီ အရောင်းဆိုင်လုပ်ငန်းနှင့် ဂတ်စ်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းအား Frie Safety Certificate ( FSC) ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကို စက်တင် ဘာ ၁၂ ရက်နေ့က  မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (community centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့ ချောင်းတိမ်ချောင်း မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် ချောင်းတိမ်ချောင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေကြီးရေလျှံမှု၊ ကမ်းပြိုမှုကာကွယ်ရေး မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်းများကို ယမန်နေ့က ကြည့်ရှုစစ်ဆေးသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင့်လွင် အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး (၃၇) ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး)သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၏ (၃၇)ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးမြို့ရှိ တက္ကသိုလ်ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းဆင်းမောင်မယ်များ တက်ရောက်ခဲ့ကြ သည်။

ပွင့်ဖြူမြို့၌ ဈေးဆိုင်လုပ်ငန်းရှင်များ နေရာကျူးကျော်၍ ဈေးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က  မြို့ပတ်လမ်းနှင့် မြို့တွင်းမိန်းလမ်းမကြီးတစ်‌လျှောက် လမ်း‌ဘေး (ဝဲ၊ယာ)တွင် ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင်လုပ်ငန်းရှင်များ လမ်းနယ်နိမိတ်နေရာ ကျူးကျော်၍ ဈေးရောင်းချမှုများ မရှိစေရေးအတွက် စက်တင်ဘာ (၁၂)ရက်နေ့က ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့သာယာလှပရေးပန်းအလှပင်နှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန်အတွက် ပန်းအလှပင်နှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်သည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် သင်းရနံ့စုံစုံ တို့တက္ကသိုလ်ဂုဏ် YNCU Campus Vibes 2025 အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ “သင်းရနံ့စုံစုံ တို့တက္ကသိုလ်ဂုဏ်”ခေါင်းစဉ်ဖြင့် YNCU Campus Vibes 2025 အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်သည်။

နတ်မောက်မြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

မန်းရွှေစက်တော်ဘုရားကြီးနယ်မြေဒေသ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးနယ်မြေဒေသရှိ ရပ်ကွက်၊ လူနေအိမ်များ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အဆိုပါနယ်မြေ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ မီးလန့်မှု၊ မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အောင်မေတ္တာရပ်ကွက်(၃)လမ်းရှိ “စိတ်ကြိုက်” ကာရာအိုကေနှင့် စင်တင်စားသောက်ဆိုင်လုပ်ငန်း၊ ကံသာကြီးကျေးရွာရှိ “အောင်” စက်သုံးဆီ အရောင်းဆိုင်တို့အား မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများအား မကွေးခရိုင် မီးသတ်ဦးစီးမှူး ဦးသန့်စင်ဦးစီး‌၍ မီးသတ်တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး