စစ်ကိုင်းတိုင်းဒေသကြီး

ဟုမ္မလင်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်း​ဒသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍  ယနေ့ခေတ် ကျောင်းသား၊ကျောင်းသူလူငယ်များ စာအုပ်၊စာပေများကို စိတ်၀င်စားလာစေရန်နှင့် ဖတ်ရှုအသုံးပြုလာစေရန်၊ ကျောင်းတွင်သာမက ပြင်ပအသိပညာဗဟုသတများပိုမိုရရှိလာစေရန်ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ(၁၀)ရက်နေ့နှင့် (၁၁)ရက်နေ့တို့တွင် ဟုမ္မလင်းမြို့နယ်၊ စေတီဆိပ်ကျေးရွာ အ-ထ-က နှင့် နမ့်တော(အ.မ.က)တို့တွင် အသိပညာပေးပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခန္တီးမြို့တွင် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတ မြင့်မားကြွယ်ဝပြီး ဗလငါးတန်နှင့် ပြည်စုံသည့် လူငယ်မောင်မယ်များ ဖြစ်လာစေရေးအတွက် နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်အထိမ်း အမှတ်နေ့များတွင် ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နံနက်(၁၀) နာရီအချိန်က နိုင်ဝင်ဘာလ(၁၄)ရက်နေ့တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စိတ်ကြိုက်ကဗျာပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

နန်းယွန်းမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံနေရာများအဖြစ်ပြုလုပ်မည့်‌‌ အခြေခံပညာကျောင်းများအား မီးဘေးအန္တရာယ်မဖြစ်ပါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ပူးပေါင်း၍ ကွင်းဆင်းစစ်‌​ဆေးခဲ့သည်။

ကလေးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး ဒုတိယအကြိမ် မဲစာရင်းကြိုတင်စီစစ်ခြင်းလုပ်ငန်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ က‌လေးခရိုင် ကော်မရှင်အဖွဲ့ခွဲမှဦးစီးကျင်းပသော မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မဲစာရင်းဒုတိယအကြိမ် ကြိုတင်စီစစ်ခြင်းလုပ်ငန်းဆောင်ရွက်ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်

စစ်ကိုင်းမြို့တွင် မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးနှင့် သီးနှံအထွက်နှုန်း တိုးတက်ရေး နည်းပညာပေးသင်တန်းဖွင့်

စစ်ကိုင်းမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူများ မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးနှင့်  သီးနှံအထွက်နှုန်း  တိုးတက်ရေးနည်းပညာပေးသင်တန်းကို ယမန်နေ့မွန်လွဲပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး လုပ် ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၅)ကို နိုဝင် ဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။  

လေရှီးမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးနှင့် နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးနှင့်နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသ လေရှီးမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လေရှီးမြို့၊ အထကကျောင်း၊ သီတဂူဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

နာဂဒေသလေရှီးမြို့၌ မိုးစပါးတစ်ဧကတင်း (၁၀၀) ထက်ရရှိရေး (စံပြကွက်) ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ဒိန်းဂလိန်းကျေးရွာ အုပ်စု၊ ရေဒေါင်ကျေးရွာ၊ တောင်သူ ဦးယားပေါ့၏လယ်  ကွင်းအမှတ်(OSS-3)၊ ဦးပိုင်အမှတ်-၇၀ တွင် စိုက်ပျိုးထားသော မိုးစပါး တစ်ဧကတင်း(၁၀၀)ထက်ရရှိရေး (စံပြကွက်) ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာလ ၈ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

နာဂဒေသ နန်းယွန်းမြို့တွင် မျိုးစေ့၊ ပျိုးပင်ပေးအပ်ပွဲနှင့် တောင်သူပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်းယွန်းမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး ကျင်းပသော ၂၀၂၅-၂၀၂၆ ခုနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးစီမံချက်ဖြင့် မျိုးစေ့၊ ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲနှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့ နံနက် ၁ဝ နာရီအချိန်က မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး