ကလေး အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကော်မရှင်အဖွဲ့ခွဲမှဦးစီးကျင်းပသော မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မဲစာရင်းဒုတိယအကြိမ် ကြိုတင်စီစစ်ခြင်းလုပ်ငန်းဆောင်ရွက်ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်က အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲမသမာမှုများနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ရှိမှုရှိစေရန် စစ်ဆေးဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူနှင့်အတူ မဲစာရင်စစ်ဆေးနေမှုများကို ကြည့်ရှု့အားပေးခဲ့ကြသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများ စစ်ဆေးရာသို့ ကလေးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပါတီအသီးသီးမှတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၁၂၀ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)