စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ တစ်ရက်လျှင် ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် သဖန်းဆိပ်ရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ သဖန်းဆိပ်ဆည်ရေဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နေမှုများနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသသည်။