နန်းယွန်း နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံနေရာများအဖြစ်ပြုလုပ်မည့် အခြေခံပညာကျောင်းများအား မီးဘေးအန္တရာယ်မဖြစ်ပါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေမျိုးအောင် ဦးဆောင်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးနှစ်သစ်ကူး လိုက်ပါ၍. နန်းယွန်းမြို့ပေါ်(၃)ရပ်ကွက်တွင် မဲရုံအဖြစ် အသုံးပြုမည့် အခြေခံပညာအထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများအား မီးသတ်ဆေးဗူးထားရှိမှုနှင့် လျှပ်စစ်မီး သွယ်တန်းအသုံးပြုမှုများအား လိုက်လံကြည်ရှုစစ်ဆေးခဲ့ကြာင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)