စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်၌ မိုးအစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံ အဓိကစိုက်ပျိုးကြပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်၌ (၂၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကျင်းပခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၉) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)အချိန်က စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ (Video Conferencing) ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအတွင်းရှိ တရားရေးအရာရှိ(၆၄)ဦး တက်ရောက်ခဲ့သည်။

နန်းယွန်းမြို့၌ အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေဦးတွင် ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းဖွင့်လှစ်

ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်နေ့လယ် ၁ နာရီက ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရုံးလုပ်ငန်းများအား ပိုမိုသိရှိနားလည်လာစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်အတွက် ဝန်ထမ်းစာဖတ်ဝိုင်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၁၉)ရက်နေ့နံနက်(၁၀)နာရီအချိန်က ဝန်ထမ်းများသတင်းလုပ်ငန်းနှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်လာပြီး ဝန်ထမ်းတိုင်းပြီးပြည့်စုံသည့် သတင်းတစ်ပုဒ်ရေးသားတတ်စေရန်ရည်ရွယ်၍ သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေး သင်ခန်းစာမှတ်စုများစာအုပ်ဖြင့် စာဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။

ရေဦးမြို့နယ်၌ အာဟာရရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

နာဂဒေသဦးစီးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ(၂/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ        

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင်နာဂဒေသဦီးစီးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၀င်များ၊ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်နာဂဒေသ ဦးစီးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မုံရွာမြို့တွင် မန္တလေးငလျင်ဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှမန္တလေးငလျင်သင့် အာမခံအလုပ်သမားများအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄ဝ ရာခိုင်နှုန်း အကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လည် (၁) နာရီက မုံရွာမြို့ မြသလ္လာခန်းမ၌ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်နှင့်အဖွဲ့ဝင်များ၊ လူမှုဖူလုံရေးအဖွဲ့မှတာဝန်ရှိသူများနှင့် မုံရွာမြို့နယ်အတွင်းရှိ အလုပ်ရှင်အလုပ်သမား ကိုယ်စားလှယ်များတက်ရောက်ကြသည်။

ကသာမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ကအမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းယာယီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအား ထောက်ပံ့ငွေလှူဒါန်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအား ထောက်ပံ့ငွေလှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လေးကျွန်းမြေအုဌ်ကျောင်း၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး