မော်လိုက်မြို့၌ ရာခိုင်နှုန်းပြည့်မဲပေးနိုင်ရန် မဲစာရင်းနံပါတ်ကတ်ပြားများကို တစ်အိမ်တက်ဆင်း (Door to Door)ဖြန့်ဝေ

မော်လိုက် ဇန်နဝါရီ ၈

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်အဆင်ပြေချော‌မွေ့စွာ ‌မဲပေးနိုင်ရန်နှင့် ရာခိုင်နှုန်းပြည့်မဲပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မဲစာရင်းနံပါတ်ပြားများ တစ်အိမ်တက်ဆင်းဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ(၂) နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့သို့ဖြန့်ဝေခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရာခိုင်နှုန်းပြည့် မဲပေးနိုင်ရန်နှင့် အဆင်ပြေချောမွေ့‌‌စွာ မဲပေးနိုင်ရန်အတွက် မဲစာရင်းနံပါတ်ပြားများကို တစ်အိမ်တက်ဆင်း (Door to Door) ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကိုထက်