ကျွန်းလှ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြောင်းသီးနှံအဓိကစိုက်ပျိုးသောဒေသတစ်ခုဖြစ်ပြီး ယခုနှစ်ဆောင်းရာသီ၌ ဖူးစားပြောင်း ဧက ၁၃၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဒီနှစ် ဆောင်းရာသီ ဖူးစားပြောင်းစိုက်ပျိုးဖို့ ၁၃၃၇ ဧကလျာထားပြီး လက်ရှိအချိန်အထိ ၁၃၃၈ ဧကစိုက်ပျိုးပြီးဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ ချောင်းရေ၊ မြောင်းရေနဲ့ မြေအောက်ရေတင်စိုက်ပျိုးကြပါတယ်။ ဖူးစားပြောင်းသီးနှံမှာ တောင်သူ တွက်ချေကိုက်သီးနှံဖြစ်ပြီး ပြောင်းရိုးကိုလည်းကျွဲ၊ နွားစာအဖြစ် အသုံးရတဲ့အတွက် တိုးချဲ့စိုက်ပျိုးကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ပြောင်းစိုက်ခင်းများ ပိုးမွှားကင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖောငမြောင်ပိုးကျရောက်မှု ကြိုတင်ကာကွယ်ရေး၊ ဘက်စုံသီးနှံကာကွယ်ရေးစနစ်လိုက်နာကျင့်သုံးရေး၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး စသည့်စိုက်ပျိုးဆိုင်ရာနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ