မော်လိုက်မြို့၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း(ဒုတိယအကြိမ်) အခမ်းအနားကျင်းပ

မော်လိုက် ဇန်နဝါရီ ၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း (၂) တွင် အဆင်ပြေ‌ချောမွေ့စွာမဲပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က အ.ထ.ကကျောင်းစုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရှာရှိ ဒေါ်အေးစီတာက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ကိုင်တွယ်အသုံးပြုပုံများနှင့် မဲပေးပုံအဆင့်ဆင့်များကို ပရိုဂျက်တာဖြင့်ပြသ၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဝန်ထမ်း မိသားစုများနှင့်ဒေသခံပြည်သူများမြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးနေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

ကိုထက်