မုံရွာ မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြီး Emotional Intelligence in Managers အကြောင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါက လူတစ်ယောက်ပြီးပြည့်စုံစေရန်အတွက် Q(၄)လုံး လိုအပ်ပါကြောင်း EQ(EmotionalQuotient) သည် သီးခြားရပ်တည်၍မရဘဲ (၄) ခုလုံးနှင့် ဆက်စပ်နေပါကြောင်း အလုပ်ခွင်မှာရော ကိုယ်ရေးကိုယ်တာမှာရော အောင်မြင်မှုရဖို့ EQ သည် အခြေခံဖြစ်ကြောင်း၊ ဘဝနှင့်အလုပ်သည်ခွဲခြားမရပါကြောင်း၊ မိသားစုအရေးကျေပွန်သလို အလုပ်မှာလည်း အောင်မြင်မှသာ အောင်မြင်သည်ဟု အပြည့်အဝေပြောနိုင်ပါကြောင်း၊ အလုပ်မှာအောင်မြင်ပြီး မိသားစုအရေး အဆင်မပြေလျှင် အောင်မြင်သည်ဟုမဆိုနိုင်။ (၂) ခုလုံးသည် ညီမျှနေရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေနဲ့လည်း အလုပ်အပြင်မိသားစုကိုလည်း အလေးပေးဖို့ အထူးလိုအပ်လှပါကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့်အတူ အရာထမ်း၊ အမှုထမ်းများက Emotional Intelligence in Managers ဘာသာရပ်အပေါ် မိမိတို့၏ အသိအမြင်များနှင့် တွေ့ကြုံနေရသည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးတင်ပြမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါက ပေါင်းစပ်ဆောင်ရွက်ပေးပြီး ဆွေးနွေးပွဲကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)