ကသာမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကလိုလ်ဝင်တန်းစာမေးပွဲ(ဒုတိယအကြိမ်) ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ကသာ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ (ဒုထိယအကြိမ်) ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကသာမြို့နယ်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စာစစ်ဌာန(၁)ခုရှိရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းတွင်းဖြေဆိုခွင့်ရှိသူ ကျောင်းသား(၂၂၅)ဦး၊ ကျောင်းသူ(၃၃၆)ဦး စုစုပေါင်း (၅၆၁)ဦးရှိရာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၂)ဦး၊ စုစုပေါင်း(၇)ဦး ရှိကြောင်းနှင့် ပြင်ပအလွတ်ဖြေဆိုသူ ကျောင်းသား(၃၀)ဦး၊ ကျောင်းသူ (၃၇)ဦး၊ စုစုပေါင်း(၆၇)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား မရှိကြောင်း၊ အတွင်းဖြေ/ အလွတ်ဖြေစုစုပေါင်းဖြေဆိုသူ(၆၂၁)ဦးရှိ၍ ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူ(၉၈ ဒသမ ၈၉ ရာခိုင်နှုန်း)ရှိပြီး၊ ဖြေဆိုရန်ပျက်ကွက်မှု (၁ ဒသမ ၁၁ ရာခိုင်နှုန်း) ရှိကြောင်း မြို့ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပြီး ကသာခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ စိုးသူအန်းနှင့် ကျန်းမာရေးဝန်ထမ်းများက တက္ကသိုလ်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျော်စွာ(ကသာ)