ပန်ဆောင် မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ အစဥ်အမြဲ သန့်ရှင်းသာယာလှပရေးအတွက် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့မစျေးနှင့်ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများနှင့် ရေဆိုးထုတ်မြောင်းများအား မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ပြည်သူများတွင် “ခြင်”ကြောင့် ဖြစ်ပေါ်တတ်သောရောဂါ အန္တာရာယ်ကင်းဝေးစေရန်အတွက် ရေနုတ်မြောင်းများအတွင်းရှိ အမှိုက်များ၊ သဲနုန်းများကို တင်ကျန်နေခြင်းမရှိစေရန် အရှည်ပေ ၁၀၀ အနက် ၂ ပေရှိရေနုတ်မြောင်းအား တူးဖော်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါရေနုတ်မြောင်းများကို စက်ယန္တရားလုပ်ငန်းတို့နှင့် ဆောက်ရွက်နေမှုအား မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များ မြို့ရပ်ကွက်အုပ်ချုပ်ရေးများ၊ ဒေသခံပြည်သူများက ဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။
ဂျာယော်(ပန်ဆောင်)