ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်၌ မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် ပြန်လည်အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို စျေး(၂) ရပ်ကွက်၊ အာဂမဇောတိကာရုံစာသင်တိုက်တွင် ဆင်ယင်ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းမှ အလင်းစစ်ပညာဒါနလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သင်ထောက်ကူပစ္စည်းများ လှူဒါန်း

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်နှင့်အဖွဲ့သည် ယမန်နေ့က ပဲခူးမြို့၊ အလင်းစစ်ပညာဒါနလူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ လှူဒါန်းပေးခဲ့ကြသည်။

ပဲခူးမြို့၌ (၆၃)နှစ်မြာက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၆၃)နှစ်မြာက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၊ အ.ထ.က(၄)သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေးနှင့်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းသို့ Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက် (၁၀) နာရီက ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ အ.မ.က(မူလွန်)ချောင်းရင်းစံပြကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၊ ဝဲဒေါင့်အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ အသိပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီခွဲက ဝဲဒေါင့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ပြည်ပညာရေးဒီဂရီကောလိပ်၌ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊​ ပြည်မြို့၊ ပြည်ပညာရေးဒီဂရီကောလိပ် အားကစားခန်းမ၌ ယနေ့နံနက်က ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်း ပပြုလုပ်သည်။

ပဲခူးမြို့နယ်အတွင်းရှိ အုတ်ဖို-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦးသည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ(၆)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အုတ်ဖိုး-ကျုံးရိုးလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ကွင်းဆင်းဆေးကုသမှုများ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပဲခူးမြို့ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး/ အထူးကုဆရာဝန်များ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဝေါမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဝေါမြို့နယ်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူများအား ဆေးကုသမှုများ ပြုလုပ်ပေးရာတွင် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါ ကုသဆေးရုံကြီးမှ သမားတော်(အထွေထွေရောဂါ)၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ အရိုး၊ မျက်စိ၊ အရေပြားစသည့် ဘာသာရပ်(၇)ခုမှ အထူးကုဆရာဝန်ကြီးများနှင့် ဝေါမြို့နယ် ပြည်သူ့ဆေးရုံမှ သွားနှင့်ခံတွင်းဆေးကုသခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူလူထု အတွင်း ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပန်းချီပြိုင်ပွဲနှင့်စာအုပ်ပြပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး