ဖြူး ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ အသိပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီခွဲက ဝဲဒေါင့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းအား အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့်ဝန်ထမ်းများက KG တန်း၊ မူလတန်းအရွယ် ကလေးငယ်များအား ပုံပြင်ပြောအစီအစဉ်များ ဆောင်ရွက်ပေးခြင်း၊ သုံးဘီးဆိုင်ကယ်ဖြင့် ကလေးစာပေများအားဖတ်ရှုစေခြင်း၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ် စာစောင်များ ပြသပေးခြင်း၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)