ပဲခူးတိုင်းဒေသကြီး

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အ.မ.က(မူလွန်)ရေကျော်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတောင်းမြို့နယ် အ.လ.က (ဥသျှစ်ပင်) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စူးစမ်းလေ့လာမှုအားကောင်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.လ.က (ဥသျှစ်ပင်) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပခဲ့သည်။

(၂၅) ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၅) ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် အကြိုဓမ္မပူဇာအဖြစ် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို တပို့တွဲလဆန်း ၁၁ ရက် (ဖေဖော်ဝါရီ ၈ ရက်) မွန်းလွဲ ၂ နာရီက အဆိုပါ စေတီတော်လိုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက  (ကသစ်တိုင်း) အခြေခံပညာမူလတန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်များ ၂၅ ရာခိုင်နှုန်းအနားယူခြင်းနှင့် လစ်လပ်သွားသောနေရာများ၌ ပြန်လည်အစားထိုးရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့ပညာဇောတာရုံစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့‌သည်။

ကဝမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ညောင်ပင်ဘော်လီဘောကွင်း၌ ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။

ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ယမန်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် သာယာဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက စုပေါင်းအားဖြင့် ပြည်သူများက တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများအပေါ် စေတနာမေတ္တာ တုံ့ပြန်သောအားဖြင့် စားသောက်ဖွယ်ရာများ စုပေါင်းကြော်လှော်ချက်ပြုတ်နေမှုနှင့် ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုးနေမှုများအား သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ရေတာရှည်မြို့နယ်၌ ကြံအထူးအထွက်တိုးစိုက်ပျိုးနည်းစနစ် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကြံသီးနှံမျိုးသန့်ခြံ(ဘိုးတော်ကုန်း)၌ ကြံသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအထွက်တိုးကြံစိုက်ပျိုးနည်းစနစ်ဖြင့် ကြံစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ စက်မှုလယ်ယာဦးစီးဌာနက တောင်သူများ ကောက်စိုက်စက် မျိုးစေ့ချစက်များဖြင့် စနစ်တကျ စိုက်ပျိုးနိုင်ရေး သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တောင်သူများ ကောက်စိုက်စက်၊ အစေ့ချစက်များဖြင့် စိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြခြင်းကို ယမန်နေ့နံနက် ၉ နာရီက သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၂၅ ၌ ကျင်းပ​ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး