ပြည် ဖေဖေါ်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်ပညာရေးဒီဂရီကောလိပ် အားကစားခန်းမ၌ ယနေ့နံနက်က ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်း ပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသည့်ဧည့်သည်များက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခြင်း၊ ပထမနှစ်နှင့်ဒုတိယနစ် ကျောင်းသား၊ကျောင်းသူများက စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲအမှတ် (၁)နှင့် (၂)တို့ဖြင့် သရုပ်ပြ တင်ဆက်ခြင်း၊ တတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသား၊ ကျောင်းသူများက "ထာဝရသစ္စာသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ တတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်သား၊ကျောင်းသူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲအမှတ် (၃)နှင့် (၄)တို့ဖြင့် သရုပ်ပြ တင်ဆက်ခြင်း၊ စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများက Fitness Dance တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ကောလိပ်ကျောင်းများမှ ပါမောက္ခချုပ်ကြီးများနှင့် ကျောင်းအုပ်ကြီးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမင်းမင်းသိမ့်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ခရိုင်ပြန်၊ဆက်