တောင်ငူမြို့နယ်၌ Siphon (ဆိုင်ဖွန်) သဘာဝရေဆွဲအား စနစ်ကိုအသုံးပြု၍ နွေစပါးစိုက်ဧကများသို့ ရေတင်ခြင်းကွင်းသရုပ်ပြသ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် ဒေသခံတောင်သူလယ်သမားများ ရေကိုနည်းလမ်းမျိုးစုံဖြင့် အကုန်အကျသက်သာအကျိုးရှိစွာ ရရှိနိုင်စေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ Siphon (ဆိုင်ဖွန်) သဘာဝရေဆွဲအား စနစ်ကိုအသုံးပြု၍ နွေစပါးစိုက်ဧကများသို့ ရေတင်ခြင်းကွင်းသရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆင်ဆိပ်ကျေးရွာအုပ်စု၊ မြင်းစာခွက်ကျေးရွာ၊ ခပေါင်းဆည်၊ လက်တံမြောင်း ၁ (က)၊ ကွင်းအမှတ် (၅၆၁) (ခ) ကံပေါက်ကြီးကျေးရွာအရှေ့ကွင်း၊ မြင်းစာခွက်ကျေးရွာနေ၊ တောင်သူ ဦးညွန့်၏ လယ်ယာမြေတွင် ကွင်းသရုပ်ပြသသည်။