စစ်ကိုင်း ဖေဖော်ဝါရီ ၁၄
၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားလူငယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁၂) ရက်၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ နှစ် (၇၀၀) ကွင်းအတွင်း ကျင်းပပြုလုပ်သည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ လူငယ်အမျိုးသားဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ အုပ်စုပတ်လည်စနစ်ဖြင့် ဖေဖော်ဝါရီလ (၃) ရက်နေ့ မှ (၁၂) ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြပြီး နောက်ဆုံးဖိုင်နယ်ပွဲအဖြစ် စစ်ကိုင်းမြို့၊ ရန်နိုင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နှင့် အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လူငယ်ဘောလုံးအသင်းက ရှစ်ဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ထို့နောက် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိခဲ့ကြသည့် ဘောလုံးအသင်းများအား အတန်းအလိုက် အကောင်းဆုံးဆု၊ တစ်ဦးချင်းဆုနှင့် တံခွန်စိုက်ဆုများကို ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင် (ပြန်/ဆက်)